"စစ်" တဲ့
သိပ်မုန်း ဖို့ကောင်းတဲ့ စကားလုံးလေ။ ဗမာတွေသေလည်း အဲဒါ လူတွေပဲ ။ ကချင်တွေ သေလည်း၊ အဲဒါ လူတွေပဲ။ ကရင်တွေသေလည်း အဲဒါလူတွေပဲ။ သူတို့မှာ မိသားစုတွေရှိမယ်
သူတို့ကိုချစ်ခင်ကြတဲ့သူတွေရှိမယ်။ သူတို့ ကြောင့် ကမ္ဘာလောက မှာ အကျိုးတစ်ခုခုတော့ရှိလာနိုင်တယ်။ စစ် ကြောင့် လူပေါင်းများစွာသေခဲ့ကြပါပြီ။ စစ်ကြောင့် မိသားစု များစွာ ဒုက္ခရောက်ခဲ့ကြပ...ါပြီ။ စစ်ကြောင့် တစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်ခုနဲ့တစ်ခု၊ တစ်နိုင်ငံ နဲ့တစ်နိုင်ငံ အမုန်းတရားတွေပဲတိုးလာနိုင်ကြတယ်လေ။ ငြိမ်းချမ်းရေး ကို ဆွေးနွေး ကြမယ်။ ဆွေးနွေးနိုင်မယ့် သမာသမတ်ရှိ မယ့် သူတစ်ယောက်လိုတယ်။ အာဇာနည်သူရဲကောင်းတစ်ယောက်ပေါ့။ အားလုံးကို တစ်သဘောတည်းထားနိုင်မယ့် ခေါင်းဆောင်တစ်ယောက်လိုနေပြီ။ ကျွန်တော်တို့ကိုယ်တိုင် ရော အတ္တတွေ။ မာနတွေ။ ဖြုတ်လို့ ကျုပ်တို့ တိုင်းပြည် အနာဂတ်အတွက် ၊ ကြယ်တစ်စင်းလောက်တော့ ထွန်းလင်းနိုင်အောင် ကြိုးစားကြည့်ကြမယ်လေ။
No comments:
Post a Comment