Thursday, 16 June 2011

Re: [Freedom Burma] အကုန်လုံးကတော့...

Demo is very true,we only have Prisoners of Belief and Freedom Fighters  in Burma.:
Thet Thet Naing Oo 16 June 15:43
Demo is very true,we only have Prisoners of Belief and Freedom Fighters in Burma.:
Comment history
ဒီမို ဖက်တီး
ဒီမို ဖက်တီး16 June 13:55
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိသလို .... သောင်းကျန်းသူဆိုတာလည်း မရှိဘူး။
မင်းမင်း အပျင်း ပေါ့
မင်းမင်း အပျင်း ပေါ့16 June 13:44
ကောင်းလိုက်တာ
ယမကာ လုလင်
ယမကာ လုလင်16 June 12:22
ဘာလုပ်ရပါတွေလဲ နိုင်ငံတိုးတတ်မယ်မကြံသေးဘူး ဟိုကထသောင်းကျန်း ဒီကထသောင်းကျန်း ဘယ်မှာနိုင်ငံတိုးတတ်ဖို့အာရုံစိုက်နိုင်တော့မလဲ ဒါလားလုပ်ရပါဆိုတာ သောင်းကျန်းသူတဲ့နာမည်ကိုက သောင်းကျန်းသူပါပဲနောက်ဆုံးတော့လဲ ဒီအဆင့်ထက်ကိုတတ်မလာဘူး
Shwe Moetae
Shwe Moetae16 June 07:19
လုပ်ရပ်တွေကသက်သေပြမှာပေါ့
Original post
Kyi Wah Htun
Kyi Wah Htun16 June 05:52
အကုန်လုံးကတော့ မျိုးချစ်တယ်၊ကိုယ့်နိုင်ငံကိုယ်ချစ်တယ်ဆိုပီး အသီးသီးအော်နေကြတာပဲ။ စစ်သားကလဲဒီမှာအော်တာပဲ။ပြည်သူက
လဲအော်တာပဲ။

ဒါပေမဲ့ အဲ့ဒီစိတ်ကိုဘယ်လိုသက်သေပြမလဲဟင်။

စစ်သားကမျိုးချစ်ကြောင်း၊နိုင်ငံကိုကာကွယ်ချင်ကြောင်းပြချင်ရင် စစ်ပညာဆိုတာကိုသေချာသင်ယူပီး အချိန်တန်သေနတ်ဆွဲပီးရှေ့ထွက်ရမှာပဲ..။ ပြည်သူကလဲ မျိုးချစ်ကြောင်း၊နိုင်ငံကိုချစ်ကြောင်းပြချင်ရင် ကိုယ်လုပ်နေတဲ့နေရာမှာအကောင်းဆုံးလုပ်ပီး နိုင်ငံဂုဏ်ကို ကမ္ဘာ့အလယ်မှာ မြင့်တက်အောင်ကြိုးစားရမှာပဲ။

ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့အရာကြီးကတော့ စစ်သားက ပြည်သူကိုနောက်ကျောပေးပီး သေနတ်ကိုသူမျက်နှာမူရာဘက်ကိုလှည့်ထားရမဲ့အစား ပြည်သူဘက်ကိုပြန်လှည့်ပီး " တွေ့တယ်နော်..ဒါသေနတ်လို့ခေါ်တယ် ၊ နင်တို့ကိုကာကွယ်နေတဲ့ ငါတို့စစ်တပ်ကိုလာမထိနဲ့ အကုန်ပစ်သတ်လို့ရတယ် ၊ ငါသင်ထားတဲ့စစ်ပညာက အလကားနေမှာမဟုတ်ဘူး" လို့လှည့်ပြောနေပီး ပြည်သူကလဲ သူတို့ကိုမျက်နှာခြင်းပြန်လာဆိုင်နေတဲ့ စစ်သားကို သေနတ်ကြောင့်ဘာမှမပြောဘဲလက်နှစ်ဘက်လုံး နောက်ကိုပစ်ထားပေမဲ့ လက်တဖက်က ခဲ့လုံးကိုင်ထားပီး နောက်တဖက်ရဲ့ လက်ခလည်တခုကဆုတ်ထားတဲ့လက်တွေကြားမှာ သေချာချာထောင်ထားတယ်..။

ဘယ်အရာကမှားယွင်းနေတာလဲဟင်.....

ဘာကမှန်နေလဲ..

အဲ့ဒီနှစ်ဘက်ကို ဆိုင်ရာဆိုင်ရာပြန်လှည့်ပေးနိုင်တဲ့ နှစ်ဘက်လုံးကသဘောတူရွေးချယ်ထားတဲ့ "မင်း"ဆိုတဲ့လူတယောက်ကရော ဘာလို့ပျောက်နေတာလဲဟင်။

ဘယ်လိုအကျိုးဆက်တွေကြောင့် ဒီလိုအခြေအနေဖြစ်လာရတာလဲ..။

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment