Thursday, 16 June 2011

Re: [Freedom Burma] သဲကုန်း သပိတ်အိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ အရှင်...

ကိုဒီမိုနဲ့ အခြားသော ညီအစ်ကို မောင်နှမများခင်ဗျား။ တိုက်ပွဲဆိုတာ စိတ်ဓါတ်နဲ့ တိုက်ကြရတာပါ။ ဘယ်သူဖြစ်ဖြစ် သေကြ ဒဏ်ရာ ရကြမှာကို ကြောက်ကြပါတယ် လောလောဆယ် နယ်စပ်တိုက်ပွဲတွေမှာ တိုင်းရင်းသား အဖွဲ့ အစည်းတွေက တော်တော်များကို စစ်တပ် စိတ်ဓါတ်ကျလောက်အောင်ကို ပစ်နိုင် ခတ်နိုင်နေပါတယ်။ နအဖ ရဲဘော်တွေဟာ လူထုကို စော်ကား အရက်သောက် စည်းမရှိ ကမ်းမရှိ နေလာကြတာဟာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးကတည်းက ဖြစ်နေတော့ လေ့ကျင့်ခန်းမရှိဘဲ လက်ရွေးစင် အသင်းနဲ့ ကန်တဲ့ အရက်သမား အသင်းလိုဖြစ်နေတော့  ကြိုက်သလောက် ဂိုးသွင်းနိုင်ပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ လူကြီးတွေက အခုချိန်မှာ လူထုကို စုစုစည်းစည်း စိတ်ဓါတ်မြှင့်တင်တာ မရှိဘဲ စိတ်ကူးယဉ် ငြိမ်းချမ်းရေး စကားတွေ ပြောနေတာဟာ ဗမာပြည်ကို ထပ်ပြီး ချောက်ထဲ ချဖို့ ကြံနေတာပဲ ကျနော် တယောက်တည်း စဉ်းစားမိပါတယ်။ပြောနေကျ စကားကို ပြောရ မယ်ဆိုရင်တော့ ( အိမ်မှာမွေးထားတဲ့ ခွေး ဟာ ရူးနေပြီ ဆိုရင် ခွေးပိုင်ရှင်က တာဝန်ယူရ ပါတယ်၊ ခွေးရူးကို ဆေးကုချင်တယ်ဆိုရင်လည်း ကောင်းနိုင်ခြေ ဘယ်လောက် ရှိမရှိ။ ဆေးဘိုး ဘယ်လောက် ကုန်မကုန် အနည်းဆုံး တော့ သိအောင် စဉ်းစားရပါတယ်၊ နောက်ဆုံး ဘာမှ မထူးဘူး ကျန်တဲ့သူတွေကို ထိခိုက်မယ်ဆိုရင် ခွေးရူးကို ကိုယ်ကိုယ်တိုင် မသတ်ရက်ရင် သတ်ရဲတဲ့သူကို ပိုင်ရှင်က အပ်ရပါမယ်၊ ဒါဟာ လူသားဆန်တဲ့ ဆုံးဖြတ်ချက်ပါ၊ ကျနော်တို့ နိုင်ငံက ခွေးရူးထက်တောင် ဆိုးတဲ့ နအဖကို ဘယ်လို လုပ်သင့်သလဲဆိုတာတော့ ကိုယ်ဘာသာ ကိုယ်ပဲ ဆုံးဖြတ်ပါတော့ ခင်ဗျာ၊)
Nyein Chan Aung 16 June 16:05

Comment history
ဒီမို ဖက်တီး
ဒီမို ဖက်တီး16 June 12:02
အခုလို အတိုက်အခံတွေဘက်က အရေးသာ သလို ဖြစ်တော့မဲ့ အချိန်မှာ ????
ဟုတ်ပမလား အစ်ကိုရာ။ နိုင်မယ် သာမယ်ဆိုတာကို ဘယ်လိုသုံးသပ်ထားတာလည်း .....
Original post
Nyein Chan Aung
Nyein Chan Aung15 June 20:19
သဲကုန်း သပိတ်အိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရသည် မနက်ဖြန် စတင် ကျင်းပမည့် သီတဂူ နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲတွင် ငြိမ်းချမ်းရေးကိုရှေးရှုသည့် စည်းလုံးညီညွတ်ရေး တရား ဟောကြား မည်ဖြစ်ကြောင်း သိရသည်။ (အခုလို အတိုက်အခံတွေဘက်က အရေးသာ သလို ဖြစ်တော့မဲ့ အချိန်မှာ ဟောမယ့် တရားမို့ သံသယ တွေနဲ့ စောင့်ပြီး တရားနာပါမယ်။ မြိုင်ကြီးငူဆရာတော်လို ခွဲတုန်းက ခွဲပြီး နောက်မှ ပြန်ချလို့ ပြောတော့ နောက်ကြကုန်နေပါပြီ။ ဗမာပြည်ထဲမှာ ရှိတဲ့ ၅၀ ရာခိုင်နှုန်းသော သာသပြုပုဂ်ဂိုတွေဟာ နအဖ ဘက်သားတွေ ဖြစ်လို့ပါ။)

View Post on Facebook · Edit email settings · Reply to this email to add a comment.

No comments:

Post a Comment